လူနှစ်ယောက်ပါဝင်ကစားနိုင်ပြီး နှစ်ယောက်လုံး အနိုင်ရစေနိုင်တဲ့
ဂိမ်းတစ်ခုဖြစ်တယ်။
... ဆိုတဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးပါတယ်။
ပေးဆပ်တာတွေ ရယူတာတွေ လာမပြောနဲ့။ နှစ်ယောက်ပါတယ်၊ နှစ်ယောက်လုံး နိုင်တယ်။
ဒီတော့ အိမ်ထောင်ပြုခြင်းဆိုတာ Win - Win ပဲ။ ဒါမှလဲ အိမ်ထောင်မှုရဲ့ အနှစ်သာရပေါ်လွင်မှာ ဖြစ်ပါတယ်။
အိုကေ။ ဒီလိုဆိုတော့ မေးစရာမေးခွန်း ရှိလာမယ်။
အိမ်ထောင်ပြုခြင်းက အနိုင်ရစေသလား? ဘာကို အနိုင်ရစေမှာလဲ?
အရှုံးပေးတဲ့သူ မရှိပဲ ဘယ်လို အနိုင်ရမှာလဲ?
အမှီရှိမှ ဘုရားပွင့်တယ်ဆိုတဲ့စကား ကြားဘူးမှာပေါ့။
ပါရမီဖြည့်ဘက် ကောင်းမှ ဘ၀ရဲ့ ရှေ့ခရီး သာယာလိမ့်မယ်။
ဒါဟာ အိမ်ထောင်ပြုခြင်းကနေ ရနိုင်တဲ့ အမြင်သာ အလွယ်ကူဆုံးရလာဒ်ပဲ။
လူရယ်လို့ဖြစ်လာပြီး လူလားမြောက်လာပြီဆိုရင် ...
ကိုယ့်အတွေးအကြံ အယူအဆတွေကို ရင်ဖွင့်တိုင်ပင်ဖို့ရာ လူတစ်ယောက်တော့ (အနည်းဆုံး) လိုတယ်။
အဲဒီလိုလူမျိုး မင်း ဘယ်မှာ သွားရှာမလဲ?
တစ်ဘ၀လုံး မင်းနားရှိပေးပြီး မင်းရင်ဖွင့်တာတွေ နားထောင်ဖို့ရာ ဘယ်သူက နေပေးနိုင်မလဲ?
အဲဒီလို လုပ်ပေးနိုင်တာ တစ်ယောက်တည်းရှိတယ်။
အဲဒါ မင်းရဲ့ အိမ်ထောင်ဘက်ပဲ။
လူတစ်ယောက်ဘ၀မှာ အောင်မြင်ဖို့၊ နှုန်းမီ စံကိုက်လူတစ်ယောက်အဖြစ် ရပ်တည်ရှင်သန်သွားဖို့ဆိုရင် ကိုယ့်ကိုယ်ကို နားလည်ဖို့ အရင်ဆုံးလိုအပ်တယ်။ အဲဒါကို ဘယ်လို တည်ဆောက်ကြမလဲ?
ကိုယ့်ကိုယ်ကို နားလည်ဖို့ရာ ... မင်းရဲ့ ရင်ဘတ်ကို ဒိုးယိုပေါက်မြင်နိုင်မယ့်သူတစ်ယောက်လိုတယ်။ အဲဒီလိုလူအဖြစ် မင်းဘေးနား တစ်ဘ၀လုံး နေသွားဖို့ဆိုတာလဲ မင်း အိမ်ထောင်ဘက်က အသင့်တော်ဆုံးပဲ။
ဒီနေရာမှာ အကြောင်းဆိုက်နေတာမို့ ...
ကဗျာလေးတစ်ပုဒ်ရေးပြချင်တယ်။
`တခြားသူတွေ အကုန်
လဲကြပြိုကြ ရှောင်ဖယ်သွားကြချိန်မှာအနားဆက်ပြီးကျန်နေရစ်သူ၊
မင်းလက်ကို ဆက်လက်ဆုပ်ကိုင်နွေးထွေးစေတတ်သူ
တစ်ယောက်ရှိတယ်။
အဲဒါကို ဘ၀ရဲ့အဖော်မွန်လို့ခေါ်တယ်´
အဲ့ဒီလို ဘ၀ရဲ့အဖော်မွန်ကောင်းတစ်ယောက် မင်းနားမှာ အမြဲထာဝရမြဲစွဲနေအောင် ဘယ်လို နေထိုင်ပြုမူရမလဲ?
အဲဒါဟာ လျို့ဝှက်ချက်ပဲ။
အိမ်ထောင်ပြုခြင်းရဲ့ လျို့ဝှက်ချက် ခေါ်ရမှာပေါ့။
အဆင့် ၁၀ဆင့်ရှိတယ်။ တံခါးပေါက် ၁၀ခု။ သော့ချက် ၁၀ ချောင်းလို့လဲ ခေါ်နိုင်ပါလိမ့်မယ်။
[adapted from ' To Understand Each Other' by Paul Tournier]
သွန်းနေစိုး Thorn Nay Soe

No comments:
Post a Comment
Note: Only a member of this blog may post a comment.