သတင်းများ

 

နိုင်ငံရေး အကျဉ်းသားတွေ ဇန်န၀ါရီ  ရွေးကောက်ပွဲ မတ်လ

 

photo_1318405513725-5-0
 
4
 
0
 
မဲပေးပါ
FNG၊          ၊ဖမ်းဆီး ထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ကို ရှေ့  နှစ် ဇန်န၀ါရီလ မှာ လွှတ်ပေးပြီး
၊ ကြားဖြတ် လွှတ် တော်ရွေးကောက် ပွဲ ကို မတ်လ မှာ ကျင်းပ မယ် လို့  ကုလသမဂ္ဂ အထွေထွေ
အတွင်းရေး မှုး ချုပ် ဟောင်း ဦးသန့်  ရဲ့  မြေးဖြစ်သူ ဦးသန့် မြင့် ဦးက ရိုက်တာ သတင်းဌာန ကို
ပြောပါတယ်။
ဖမ်းဆီးထား တဲ့ အကျဉ်းသား တွေ အကုန် လုံး သို့  မဟုတ် အများစု ကို ရှေ့ လမှာ ပြန်လွှတ်ပေး
မယ့်ပုံ ရှိ ပြီး ကြားဖြတ်ရွေးကောက် ပွဲ ကို တော့ ဖေဖော်ဝါရီလ သို့ မဟုတ် မတ်လ ထဲ မှာ ကျင်း
ပမှာ ဖြစ်တယ် လို့  စင်္ကာပူ နိုင်ငံ ကို ရောက်ရှိ နေတဲ့ ဦးသန်းမြင့် ဦးက နိုင်ငံခြား သတင်းထောက်
တွေ ကို ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ဟာ ၀င်ရောက် အရွေးခံမယ်၊ လွတ်လပ်ပြီး တရားမျှတမှု လည်းရှိ
မယ်၊ ဒေါ်အောင်ဆန်းစုကြည် လည်းလွှတ်တော် အမတ် ဖြစ်လာမယ် ၊ လို့  သူ က ဆက်ပြောပါတယ်။
ပြီးခဲ့ တဲ့ ရက်ပိုင်းက ပဲ လွှတ်တော် ဥက္ကဌ  သူရ ဦးရွှေမန်း က ပူးပေါင်းပြီး  နိုင်ငံရေး ဆက်လုပ် နိုင်
မယ့် နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေး မယ် လို့  ပြောခဲ့ ပါတယ်။
အောက်လွှတ်တော် ဥက္ကဌ ဖြစ်တဲ့ ဦးခင်အောင်မြင့် က တော့ မနေ့ က ရန်ကုန် မြို့  က သူ့  ရဲ့  နေအိမ်
မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။
ဦးသန်းမြင့် ဦး ၏ နိုင်ငံရေး အကျဉ်းသား ပြန်လည် လွတ်မြောက်ရေး သတင်း နှင့် ပတ်သက် ပြီး
ရန်ကုန် မြို့ ရှိ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံထား ရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦး ၏ မိခင်
ဖြစ်သူက ” လွှတ်မှ ပဲ လွှတ်တယ် ဆိုတာ ယုံလိုက် တော့ မယ်။ အခု ဘယ်စကား မှ မယုံ ရဲ သေး
ဘူး လို့  “FNG ကို ပြောပါတယ်။
စာရေးဆရာ နဲ့  သမိုင်းပညာရှင် တစ်ဦး လည်း ဖြစ်ပြီး မြန်မာ နိုင်ငံ နဲ့ အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ ဆက်
ဆံ ရေး ကို လေ့လာ သူ သုတေသီ တစ်ဦး ဖြစ်တဲ့ ဦးသန်းမြင့်ဦးက ဒီလို ပြန်လွှတ်တာ ဟာ ဥရောပ
သမဂ္ဂ နဲ့  အမေရိကန် ရဲ့  အရေးယူဒဏ်ခတ်မှု တွေ ကို ဖယ်ရှား နိုင်ဖို့  ဆောင်ရွက် ချက် တစ်ခုပဲ
လေ ဟု သုံးသပ် ပြောကြား သည်။
ကြားဖြတ် ရွေးကောက်ပွဲ ဟာ ရွေးကောက်ပွဲ ကြီး ထပ်မံ ကျင်းပဖို့  ကြေငြာ ပြီး သုံးလ နေမှသာ
လို့  ပြီးခဲ့တဲ့ လက အစိုးရ အဆင့် မြင့် အရာ ရှိ ကြီး တစ်ဦးက တရား ၀င် ပြောသွား ခဲ့ ပါတယ်။

နာယက - ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ  -   ဦးမိုးသူ
ဒုဥက္ကဌ -  ဦးအောင်လွင်
အတွင်းရေးမှုး -  ဇာဂနာ
တွဲဖက်အတွင်းရေးမှုး(၁)-ကြည်ဖြူရှင်

တွဲဖက်အတွင်းရေးမှုး(၂) -ဇင်ဝိုင်း
အချက်အလက်ရှာဖွေစုဆောင်းရေးကော်မတီ-ဦးစိမ်းနီ၊ဦးမော်လင်း၊
ဇာတ်ညွှန်းကော်မတီ -မောင်မောင်ဦး(စနိုးဝှိုက်)၊မင်းထင်ကိုကိုကြီး၊ကိုလွင်(စနိုးဝှိုက်)၊ မောင်ယဉ်အောင်၊ဦးမိုးသူ
ရန်ပုံငွေရှာဖွေရေးကော်မတီ -မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ထွန်းအိန္ဒြာဗိုလ်၊ဝေဠုကျော်၊လူမင်း
သရုပ်ဆောင်ရွေးချယ်ရေးကော်မတီ - ဇင်ဝိုင်း၊ဒါရိုက်တာ ၀ိုင်း၊ကြည်ဖြူရှင်၊ကျော်ဇောလင်း(အတွေးပုံရိပ်)

 နိုင်ငံတကာဆက်သွယ်ရေး - ဇာဂနာ၊အရိုင်း၊မောင်မောင်သာမြင့်၊မောင်မောင်ဦး(snow white)
ပြန်ကြားရေး - ကြည်ဖြူရှင်၊မြစံပယ်ငုံ
 
 စင်္ကာပူမှာ မြန်မာ မိန်းကလေး တစ်ဦး သေကြောင်း ကြံ မှု ဖြစ်
20111211_at_lcn_kpe-accident_img_main



သက်(စင်္ကာပူ)၊       ၊စင်္ကာပူ နိုင်ငံ က  အိမ်ဖော် ရှာဖွေ ပေး ရေး
ဧဂျင်စီတစ်ခု က ထွက်ပြေးလာပုံ ရတဲ့အသက် ၂၇ နှစ်အရွယ်ရှိ
မြန်မာ မိန်း ကလေး
တစ်ဦး ဟာ ၄.၅ မီတာ မြင့်တဲ့ လူသွားစင်္ကြန်
ကုန်းကျော် တံတားပေါ် က  ခုန်ချခဲ့တယ် လို့ 
စင်္ကာပူ ကွန်မြူနတီ သတင်း ဆိုတ် တစ်ခုဖြစ်
တဲ့ OMY မှာဖော်ပြထားပါတယ်။
သူခုန်ချ ချိန်မှာ သစ်ကိုင်း တစ်ခု နဲ့  ချိတ်မိခဲ့ ပြီး တံတား အောက် ကား လား ပေါ်ရောက်တဲ့ အခါမှာ
လည်း မော်တော်ယာဉ် တစ်ခုခု နဲ့  တိုက်မိ ခဲ့ ခြင်း မရှိ တာ က သူ့  ကို ကံကောင်း စေခဲ့ ပါတယ်။
သူ ခုန် ချတဲ့ နေရာ ဟာ KPE၊PIE နဲ့  ရှမ်း ရိပ်သာ လမ်းမ လမ်းဆုံ ရှိ တဲ့ နေရာ တွေ မှာ ဖြစ်ပြီး
မော်တော် ယာဉ် သွား လာ မှု အရမ်း ရှုပ်တဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီမိန်းကလေး ဟာ မနေ့ က တနင်္ဂနွေ နေ့ က တံတားပေါ် က နေ ခုန် ချပြီး သတ်သေတာ လို့ 
ဒီနေ့  ညနေ ထုတ် United Evening News မှာလည်း ဖော်ပြ ထား ပါတယ်။ သူမ ဟာ မခုန်
ချခင် အချိန် မှာ ကန် တုန် ဈေးရောင်း ဌာန ရဲ့  အိမ်အကူ ရှာ ဖွေ ရေး ဧဂျင် စီက ထွက်ပြေးလာ
ပုံ ရတယ် လို့  သတင်း မှာ ဖော်ပြ ထား ပါတယ်။
ဂျင်းဘောင်ဘီ အပြာ ရောင် ၊ အကျီ အပြာ ရောင် တို့  ကို ၀တ် ဆင်ထား ပြီး  ခုန်ချခဲ့တဲ့ အရှိန်
ကြောင့် အသက် မသေဆုံး သော်လည်း ပြင်းထန် တဲ့ ထိခိုက် မှု တွေ ရှိ ပြီး သတိလစ် မေ့
မျော နေကာ ပြန်လည် သတိရရှိ အောင် ဆေးရုံ မှာ ကုသ ခံနေရ ပါတယ်။
ဆေးရုံရောက် ချိန် မှာ ညာဘက်လက် နဲ့  ဘယ်ခြေ ကျိုး နေ ခဲ့ ပြီး ဆေးရုံကုတင် မှာ သူ့  ကို
လှုပ်ရှား မပြု နိုင်အောင် စီစဉ်ထားထား ပါတယ်။
အဆိုပါ အမျိုးသမီး ခုန် ချပြီး သတိလစ် မေ့မျော နေတာ ကို အငှားယာဉ် မောင်းသူ တစ်ဦး က
တွေ့ ရှိပြီး ရဲစခန်း ကို ဖုန်းဆက် အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လ က မြန်မာ အမျိုးသမီး ငယ် တစ်ဦးဟာ လည်း လေးထပ်တိုက်ပေါ်က ခုန်
ချပြီး သေကြောင်း ကြံခဲ့ရာ အထ မြောက် ခဲ့ ပါတယ်။
ှဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီကို အောက်ဖော်ပြပါအတိုင်းဖွဲ့စည်းလိုက်ပါတယ်
နာယက ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ ဦးမိုးသူ
အတွင်းရေးမှုး ဇာဂနာ
ရံပုံငွေရှာဖွေရေး မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ထွန်းအိန္ဒြာဗိုလ်၊ဝေဠုကျော်၊လူမင်း
သရုပ်ဆောင်ရွေးချယ်ရေး ဇင်ဝိုင်း၊မင်းထင်ကိုကိုကြီး၊ကျော်ဇောလင်း၊ကြည်ဖြူရှင်
ဇာတ်ညွှန်းပြုစုရေး မောင်မောင်ဦး(စနှိုးဝှိုက်)၊ကိုလွင်(စနိုးဝှိုက်)၊ဦးအောင်လွင်၊ကိုငြိမ်းမင်း၊မောင်ယဉ်အောင်
ပြန်ကြားရေး ကြည်ဖြူရှင်၊မြစံပယ်ငုံ
နိုင်ငံတကာဆက်ဆံရေး မောင်မောင်ဦး(စနိုးဝှိုက်)၊မင်းထင်ကိုကိုကြီး၊ဇာဂနာ၊အရိုင်း၊မောင်မောင်သာမြင့်
အဝေးရောက်အကြံပေးပုဂ္ဂိုလ် ဒါရိုက်တာ ဦးဝင်းဖေ
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းများကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲ ဖြင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံအကြောင်းကြားစာပေးပို့လိုက်ကြောင်း ကချင်ပြည်နယ် ၀န်ကြီးချုပ်က ယနေ့နံနက်ပိုင်းတွင် ပြောဆိုလိုက်ကြောင်း မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေနှင့် ခုခံကာကွယ်မှုမှတပါး မည်သည့်တိုက်ခိုက်မှုမျိုးမျှမလုပ်
ဆောင်ရန် ဦးသိန်းစိန်က အကြောင်းကြားထားကြောင်း ၄င်းက ပြောဆိုသည်။
 
Freedom News Group(Burma)

မဲခေါင်မြစ်မှာ မြန်မာ စစ်သား ၃ ယောက် အသတ် ခံရ




မဲခေါင်မြစ် မှာ ကင်းလှည့် နေတဲ့ မြန်မာ စစ်သား သုံးဦး အသတ်ခံ ရတယ် လို့ ဒီနေ့ ထုတ်
ဘန်ကောက်ပို့ စ် သတင်းစာ က ဖော်ပြ ထား ပါတယ်။ ဒီစစ်သား သုံးဦးဟာ လာအိုတပ်
တွေ နဲ့  ပူးတွဲ ကင်းလှည့် နေတုန်း မှာ မူးယစ် မှောင် ခို အဖွဲ့  တွေ ရဲ့  ပစ်ခတ် မှုကြောင့်
သေဆုံး သွား ခဲ့ တာ ဖြစ်ပါတယ်။
တိုးပွား လာတဲ့ ရာဇ၀တ် မှု တွေ  ကို နှိမ် နှင်း ဖို့  မြန်မာ၊တရုတ်၊လာအို၊ ထိုင်း နိုင်ငံ တို့ 
က မဲခေါင်မြစ်ကြောင်း တစ်လျှောက် လုံခြုံရေး အတွက် တာဝန် ယူထား ပါတယ်။
ပြီးခဲ့ သည့် နိုဝင်ဘာလ ၇ ရက်နေ့ က တရုတ် နိုင်ငံသား ၁၃ ဦး မဲခေါင်မြစ် အတွင်း
အသတ် ခံ ရ မှု တွင် ထိုင်း စစ်သား များ ပါဝင် ပတ် သက် နေသည် ဟု သတင်းစာ
တွေ က ရေးသား ဖော်ပြ ပါတယ်။
မနေ့ က မြန်မာ စစ်သား သုံးဦး အသတ် ခံရ သည့် နေရာ သည် ရွှေတြိဂံ ဒေသ ၏
မြောက် ဘက် ကီလိုမီတာ ၂၀ ခန့်  အကွာ မှာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းများကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲ ဖြင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံအကြောင်းကြားစာပေးပို့လိုက်ကြောင်း ကချင်ပြည်နယ် ၀န်ကြီးချုပ်က ယနေ့နံနက်ပိုင်းတွင် ပြောဆိုလိုက်ကြောင်း မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေနှင့် ခုခံကာကွယ်မှုမှတပါး မည်သည့်တိုက်ခိုက်မှုမျိုးမျှမလုပ်
ဆောင်ရန် ဦးသိန်းစိန်က အကြောင်းကြားထားကြောင်း ၄င်းက ပြောဆိုသည်။




မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (မန္တလေးတိုင်းဒေသကြီး)
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (မန္တလေးတိုင်းဒေသကြီး)M

"MCPA – MCIA Scholarship Award"

ရက်စွဲ ။      ။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်

၁။         နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍစုံတွင် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်သည့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် ထူးချွန်ထက်မြက်သော ကွန်ပျူတာပညာရှင်များ ပေါ်ထွန်းလာစေ ရေးအတွက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစတင်၍ မန္တလေးကွန်ပျူတာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ အနက်မှ ထူးချွန်သူများကို MCPA – MCIA Scholarship Award ဆုများ ချီးမြှင့်မည်ဖြစ်ပါသည်။
၂။         ကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပသော အတန်းတင်စာမေးပွဲတွင် ထူးချွန်သူများထဲမှ ပညာသင်နှစ် (၁) နှစ်အတွက် တစ်တန်းလျှင် ဆုဦးရေ (၁၀) ဆု ချီးမြှင့်မည်ဖြစ်ပါသည်။
၃။         ထို့ကြောင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ မန္တလေးကွန်ပျူတာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) တွင် ဒုတိယနှစ် တက်ရောက် နေသူများအနက်မှ ရွေးချယ်ချီးမြှင့်မည်ဖြစ်ပါသည်။
၎။         MCPA – MCIA Scholarship Award ဆုကို အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားခွင့်ရှိသည်။
            (က)      လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
            (ခ)        ကွန်ပျူတာတက္ကသိုလ် ပထမနှစ်စာမေးပွဲကို တစ်ကြိမ်တည်းဖြင့် အောင်မြင်သူဖြစ်ရမည်။
            (ဂ)        မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်ဖြစ်ရမည်။
(ဃ)      လျှောက်ထားလိုသူများသည် နောက်ဆုံးဖြေဆိုခဲ့သော ကွန်ပျူတာတက္ကသိုလ်၏ အတန်းတင် စာမေးပွဲ အောင်စာရင်းတွင် ထိပ်ဆုံး ၂၅ဦး ထဲမှ အောင်မြင်သူဖြစ်ရမည်။
၅။         MCPA – MCIA Scholarship Award ဆုကို Scholarship ရွေးချယ်ရေးကော်မတီမှ စိစစ်ရွေးချယ် သွားမည်။
၆။         MCPA – MCIA Scholarship Award ဆုရရှိသူများ လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က)      MCPA – MCIA Scholarship Award ဆုကို နှစ်စဉ် အတန်းတင်စာမေးပွဲများတွင် ထိပ်ဆုံး ၂၅ဦး ထဲမှ အောင်မြင်ပါက ဘွဲ့ရသည်အထိ ဆက်လက် ချီးမြှင့်သွားမည်။
            (ခ)        ထိပ်ဆုံး ၂၅ဦး ထဲမှ မအောင်မြင်လျှင် ပညာသင်ဆု ရပ်ဆိုင်းခြင်း ခံရမည်။
            (ဂ)        တက္ကသိုလ်၊ ဒီဂရီကောလိပ် ပြောင်းရွှေ့သင်ကြားလျှင် ပညာသင်ဆု ရပ်ဆိုင်းခြင်းခံရမည်။
(ဃ)      MCPA – MCIA Scholarship Award ဆု ရရှိသူများသည် ကျောင်းတွင်းဆူပူမှုများ၊ နိုင်ငံတော်အတွက် နစ်နာစေသည့် အခြားအပြုအမှုများ နှင့် အကျင့်စာရိတ္တပျက်ပြားမှုများ ပြုလုပ်ကျူးလွန်မိလျှင် ပညာချွန်ဆု ရပ်ဆိုင်းခြင်း ခံရမည်။
(င)        MCPA – MCIA Scholarship Award ဆုရရှိသူများသည် အသင်း၏ လှုပ်ရှားမှုများတွင် တတ်အားသရွေ့ ပါဝင် ဆောင်ရွက်ပါမည်ဟု ကတိပြုသူဖြစ်ရမည်။
(စ)        MCPA – MCIA Scholarship Award ဆု ရယူသည့် သူများသည် ပြဌာန်းထားသော ခံဝန်ချက်ကို ကတိပြုလက်မှတ်ရေးထိုးရမည်။

၇။         MCPA – MCIA Scholarship Award ဆုရရှိသူများ၏ ခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)      MCPA – MCIA Scholarship Award ဆုတစ်ဆုလျှင် ပညာသင်နှစ် (၁) နှစ်အတွက် ၂၅၀၀၀၀ိ/-          (ကျပ် နှစ်သိန်းခွဲ) ချီးမြှင့်မည်။
(ခ)        MCPA – MCIA Scholarship Award ဆု ခံစားနေသည့် ကာလတစ်လျှောက်လုံး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းသား နှစ်စဉ်ကြေးများ ကင်းလွတ်ခွင့်ရရှိမည်။
(ဂ)        MCPA – MCIA Scholarship Award ဆုရရှိသူများသည် အသင်းမှ အခါအားလျော်စွာ ရွေးချယ်စေလွှတ်သော နိုင်ငံခြားပညာတော် သင်ဆုများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီလျှင် ဦးစားပေး စဉ်းစားခြင်း ခံရမည်။
၈။         MCPA – MCIA Scholarship Award ဆု လျှောက်ထားလိုသူများသည် MCPA အသင်းဝင်လျှောက်လွှာပုံစံနှင့် MCPA – MCIA Scholarship Award ဆု လျှောက်လွှာပုံစံများကို ကျောင်းသားရေးရာဌာနတွင် ရယူ၍ (၃၀-၁၂-၂၀၁၁)နေ့ နောက်ဆုံးထားပြီး ကျောင်းသားရေးရာဌာနသို့ ပြန်လည်ပေးပို့ရမည်။
၈။         MCPA – MCIA Scholarship Award ဆုရွေးချယ်ရေးအဖွဲ့ကို ကွန်ပျူတာတက္ကသိုလ်များမှ စီမံခန့်ခွဲရေးအဖွဲ့နှင့် MCPA ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။
၁၀။       MCPA – MCIA Scholarship Award ဆုရွေးချယ်ရေးအဖွဲ့မှ လျှောက်ထားသူများအနက် သတ်မှတ်ချက်များနှင့် ညီညွတ်သူ (၁၀) ဦးကို အပြီး သတ်ရွေးချယ် စိစစ်၍ ၂ ပတ်အတွင်း ထုတ်ပြန်ကြေငြာမည်ဖြစ်ပါသည်။


MCPA – MCIA Scholarship Award ဆုရွေးချယ်ရေးအဖွဲ့

No comments:

Post a Comment

Note: Only a member of this blog may post a comment.