စာတိုပေစများ

ချစ်လေပူလေ

သောကမှန်သမျှချစ်ခြင်းကြောင့်ဖြစ်ရတာပါ
ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်
ချစ်စရာ အများကြီးရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့
သောကငြိမ်းချင်ရင်တော့ ချစ်စရာတွေကို
လျှော့ပစ်နိုင်ရမယ်လေ
ချစ်ရမယ့်သူ ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ
သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ ။

(ဆရာတော် အရှင်ဆန္ဒာဓိက)
ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း" အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း" အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။
.

Mee Ku
...“ပညာသည် စိတ်ဓာတ်” ဆိုတာ ငွေကြေးရသည့် အလုပ်ဖြစ်စေ မရသည် ဖြစ်စေ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးလေး စားစားရှိပါတယ်။ ဘယ်တော့ ဘယ်အခါမဆို ပြီးပြီးရော သဘောမျိုးမလုပ်ပါဘူး။ အလေးအနက် ဂရုတစိုက် လုပ်ပါတယ်။ ကိုယ့်အလုပ် ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ “ပညာသည်ဖြစ်ခြင်း” ကိုလည်း တန်ဖိုးထားပါတယ်။ “ပညာသည်စစ်စစ်” ဟာ ထမင်းတစ်လုပ်အတွက် ကိုယ့်ရဲ့ “ပညာသည်ဘ၀” ကို ရောင်းမစားပါဘူး။ နောက်ပြီးတော့ “ပညာသည်စစ်စစ်” တို့ဟာ တခြားပညာသည် များကို လည်း လေးစားရိုသေပါတယ်။ ငါ့အလုပ်ကမှ မွန်မြတ်တယ်၊ ငါ့အလုပ်ကမှ ပိုအဖိုးတန်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိပါဘူး။
...လူထုစိန်ဝင်း...
အနှိုင်းမဲ. စာတိုပေစများ

မေး ။ ။ တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော်တို့ရဲ့ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခပေးနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ ။

ဖြေ ။ ။ ခင်ဗျားရဲ့ ပထမဆုံးလုပ်ငန်းက တခြားသူကို ပြုပြင်ဖို့ ကြိုးစားရမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားရမှာ ။ တစ်စုံတစ်ယောက်က ခင်များကို ဒုက္ခရောက်အောင် လုပ်တယ် ။ ဒါပေမယ့် ခင်များကလည်း ဒုက္ခတွေ ရောက်လာတယ်ဆိုတာဟာ အဲဒီလူရဲ့ကြိုးစားမှုကို ခင်ဗျားက တုံ့ပြန်နေလို့သာ ဖြစ်ပါတယ်။ တကယ်လို့သာ ခင်ဗျားဟာ ခင်များကိုယ်တိုင်ရဲ့ တုံ့ပြန်မှုကိုဘယ်လိုရှုမှတ်ရမယ်ဆိုတာ လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်နိုင်မယ် မဟုတ်ပေဘူး ။ တကယ်လို့ ခင်ဗျားကာ စိတ်အတွင်းနက်နက်မှာ တည်ကြည်ငြိမ်သက်မျှတမှု ( ဥပေက္ခာတရား ) ကိန်းအောင်းနေအောင် လေ့လာသင်ကြားထားမယ်ဆိုရင် ဘယ်လိုလူမျိုးကမှ ဘယ်လောက်ကြီးတဲ ဒုက္ခတွေ ပေးပေး ခင်များကိုတော့ ဒုက္ခရောက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး ။ အခု နည်းစနစ်က ခင်ဗျားကို အကူအညီပေးပါလိမ့်မယ် ။ ခင်ဗျားဟာ အတွင်းနက်နက်မှာ ရှိတဲ့ ဒုက္ခများက လွတ်မြောက်လာတာနဲ့ တစ်ပြိုင်နက် အဲဒီလွတ်မြောက်မှုဟာ တခြားသူများကိုလည်း စတင်အကျိုးသက်ရောက်မှုတွေ ဖြစ်လာတော့တာပါပဲ ။ ခင်ဗျားကို အန္တရာယ်ပြုနေတဲ့လူ ကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း စတင်ပြောင်းလဲ လာတော့ပါပဲ ။
 


အနှိုင်းမဲ. စာတိုပေစများ
သင့်ကို စိတ်ပျက်၊ အားလျော့စေမယ့် ဘယ်လိုစကားတွေမှနားမယောင်ပါနဲ့။*

*အမြဲတမ်း အကောင်းမြင်ပါ။* *ဒီထက်ပိုပြီးလုပ်သင့်တာတစ်ခုကတော့

နားထိုင်းနေပါ။* ဘယ်လိုအချိန်မျိုးမှာ နားထိုင်းနေရမလဲဆိုတော့

သင့်ကိုတစ်စုံတစ်ဦးက သင်၏ရည်မှန်းချက် ကိုမဖြစ်နိုင်ဘူးလို့ပြောလာတဲ့အခါမှာပါ။

*ငါလုပ်နိုင်တယ်လို့ အမြဲတမ်းကိုယ့်ကိုယ်ကိုသတိပေးနေပါစေ။ *

( from Pann Chuu Chuu's post 'လျှို့ဝှက်ချက်")
ယာယီကိုတာရှည်မထင်ပါနဲ့

ဘယ်လောက်ကောင်းတဲ့ အရသာကိုခံစားရခံစားရ
တဒင်္ဂတစ်ခဏလေးပါ အိမ်မက်ထဲကအပျော်တွေဟာ
ဘယ်လောက်မှမကြာသလိုပါပဲ အိမ်မက်ရဲ့ နောက်ကွယ်မှာ
ဗလာတွေပဲပြည့်နေသလို သာယာမှုတွေရဲ့ နောက်ကွယ်မှာ
ဆင်းရဲပင်ပန်းမှုတွေပဲ ပြည့်နှက်နေပါတယ် ။

(ဆရာတော် အရှင်ဆန္ဒာဓိက)


အနှိုင်းမဲ. စာတိုပေစများ
ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။

ဆရာတော် ဦးဇောတိက

No comments:

Post a Comment

Note: Only a member of this blog may post a comment.